Latest Movie :
Home » »

Rate it :

 

Gold Beak 2021 Movie 

ကူးကူးမြိုကလေးမှ အတော်ဆုံးပျံသန်းသူလေး ကျင်းပေါင် ၂၀၂၁ ရုပ်ရှင်


Subber - Helen Huang

Edited by Zhao Lan Xin

(SoulKingdom မှ အကောင်းဆုံးတင်ဆက်သည်)


Hello ဒီတစ်ခါ အရမ်းချစ်စရာကောင်းတဲ့ ရုပ်ရှင်ကလေးနဲ့ မိတ်ဆက်ပေးမယ်နော်


 ``ကူးကူးမြိုကလေးမှ အတော်ဆုံးပျံသန်းသူလေး ကျင်းပေါင်´´ လို အမည်ရတဲ့ကားလေးမှာတော့ ကူးကူးမြိုကလေးလိုခေါ်တွင်ကြတဲ့ ကြက်ရွာကလေးမှာ ကြီးပြင်းခဲ့တဲ့သိန်းငှက်လေး ကျင်းပေါင်နဲ့ ကံကြမ္မာကို လက်မခံတဲ့ ကြက်မငယ်ကလေးရှောင်တီတို ဒီမောင်နှမနှစ်ယောက်အတူတူ ပျံသန်းခြင်းအိမ်မက်ကိုရှာဖွေခြင်းနဲ့ အစပြုထားပါတယ်


ငှက်မြိုတော်ကြီးရဲ့အတော်ဆုံးပျံသန်းသူ မြိုတော်ဝန်ယင်ရိ ဟာ မိသားစုနှင့်အတူ ပြင်ပကိုခရီးထွက်ရင်း လေယာဉ်ပျက်ကျသေဆုံးခဲ့ရပါတယ် 


ယင်ရိရဲ့သားငယ်ပေါက်စကလေးကတော့ ကြက်ရွာလေးဖြစ်တဲ့ကူးကူးမြိုက ကြက်မကြီးက ကယ်တင်ထားတာကြောင့် အရွယ်ရောက်ကြီးပြင်းလာပါတယ်


ကြက်ကလေးတိုရွာဆိုသည့်အတိုင်း ရွာထဲကို သိန်းငှက်တစ်ကောင်ရောက်ရှိတာလာကို ရွာထဲမှ ကြက်အပေါင်းက မနှစ်လိုကြပါဘူး


ရွာကအများရဲ့ငြိုငြင်မှုကို ခံလာရသော သိန်းငှက်ကလေးကျင်းပေါင်က ပျံသန်းနိုင်ဖိုသင်ယူရင်း နဲ့ အိမ်မက်ကို လက်တွေ့အကောင်ထည်ဖော်ပါတော့တယ်


သူ့ရဲ့ဘဝမှန်ကို ရှာဖွေရင်း သူ့ရဲ့အစ်မဖြစ်သူ ရှောင်တီနှင့် ကိုယ့်ကိုယ်ကိုပြောင်းလဲခြင်းနဲ့ အောင်မြင်ဖိုစိန်ခေါ်မှုကိုရင်ဆိုင် ရရုံတင်မကဘဲ သာယာဝပြောပြီး ငှက်မျိုးနွယ်တွေနေတဲ့နေရာဖြစ်တဲ့ ငှက်မြိုတော်မှာ ရဲစွမ်းသတ္တိနဲ့ပြည့်စုံတဲ့ မြိုစောင့်တပ်ဖွဲခေါင်းဆောင် ကိုက်နဲ့ မထင်မှတ်ဘဲဆုံခဲ့ရပါတယ်


ထိုအချိန်မှစတင်ပြီး သိန်းငှက်ကလေးကျင်းပေါင်ရဲ့ဘဝမှန်ကို ဘယ်လိုရှာဖွေတွေ့ရှိသွားမလဲ.....


သူ့မိဘတွေရဲ့လေယာဉ်ပျက်ကျမှုကရော သာမာန်သွေးရိုးသားရိုး ဟုတ်ရဲ့လား......


 ကြက်ရွာကလေးက ကျောက်ခဲနီတွေမှာရော ဘယ်လိုစွမ်းအားတွေရှိနေမှာလဲ....


ဆိုတာတွေကို သိချင်တယ်ဆိုရင်တော့ Cutie ကလေး ကျင်းပေါင်နဲ့အတူ SoulKingdom မှာ ဘာသာပြန်အကောင်းဆုံးနဲ့ ကြည့်လိုက်ကြရအောင် 


#ReviewbyHelenHuang

#SoulKingdomMovie2021

#GoldBeak

#ကူးကူးမြိုကလေးမှအတော်ဆုံးပျံသန်းသူလေးကျင်းပေါင် ၂၀၂၁ ရုပ်ရှင်

watch here

https://t.me/soulkingdom4/277


Share this article :

Post a Comment

 
Powered by Blogger.

Search This Blog

Blog Archive

Most Popular

TOP
Copyright © 2014. Soulkingdom Movies - All Rights Reserved
Copy Blogger Themes Created by ThemeXpose