Latest Movie :
Home » »

Rate it :

 

The Nether Palace of Seeking the Dragon 

寻龙之幽冥地宫 2021 movie 

နဂါးပုလဲရတနာသိုက်နှင့် စတေးခံသူရဲကောင်း


Subber - Helen Huang

Edited by Zhao Lan Xin

(SoulKingdom မှ ဘာသာပြန်တင်ဆက်သည်)


Hello ရုပ်ရှင်ကြိုက်ပရိတ်သတ်ကြီးတိုအတွက် တကယ်ကို ကြည့်ဖိုထိုက်တန်တဲ့ကားလေး လာပါပြီနော်


တရုတ်ပြည်သူ့သမ္မတနိုင်ငံတော်တည်ထောင်ပြီးနှစ်ဆန်းပိုင်းက ယန့်နန်

တက္ကသိုလ်ရှေးဟောင်းသုတေသနဌာနကပါမောက္ခ ချင်ယွီ က မတော်မဆနဂါးအုတ်ဂူရဲ့အကြောင်းကိုတွေ့ရှိခဲ့ပါတယ် တကယ်ဆန်းကြယ်ပြီး အံ့သြစရာကောင်းတာမို ချက်ချင်းပဲရှေးဟောင်းသုတေသနအဖွဲကိုဖွဲစည်းခဲ့ပါတော့တယ်


 အတော်ကြာအောင် လေ့လာနေရင်း အသိတစ်ယောက်ရဲ့မိတ်ဆက်ပေးမှုကြောင့် မော့ပန်းစက်ယန္တယားအတတ်ပညာရဲ့မျိုးဆက် ဟန်ယန်ဆိုသူ နဲ့တွေ့ရှိခဲ့ပြီး ဟန်ယန်ကို သုတေသနအဖွဲပဲပါဝင် ဖိုဖိတ်ခေါ်ခြင်းခံခဲ့ရပါတယ် ဟန်ယန်ကလည်း ဦးလေး ၂ အတွက်ကုသစရိတ်ရဖိုအတွက်နဲ့ ဦးလေးက ဆန့် ကျင်နေတဲ့ကြားထဲက အတူ လိုက်ပါဖိုသဘောတူခဲ့ပါတယ်။ 


 ပါမောက္ခချင်ယွီနဲ့ သိကျွမ်းတဲ့ စစ်အာဏာရှင်စစ်သူကြီးလီက သုတေသနပြုဖိုထောက်ပံ့ပေးခဲ့တာမို ချင်ယွီက ဟန်ယန်၊ သမီးဖြစ်သူချင်ချင်း တပည့်ယန်မော့ လော်ကျီချန်းနဲ့ လီတရွှမ်ရဲ့သမီးဖြစ်သူ လီပင်းယောင်တိုနဲ့ အဖွဲဖွဲပြီးထွက်ခွါကြပါတော့တယ်


တစ်ဖက်မှာလည်း နဂါးအုတ်ဂူမှာနဂါးပုလဲလုံးရတနာရှိတယ် ဆိုတဲ့ ဒဏ္ဍာရီအပြောကြောင့် ချင်ယွီနဲ့ အပေါင်းပါတွေကို အုတ်ဂူဖောက်အဖွဲ ၂ ဖွဲက တဖန်ခြေရာခံပြီး လိုက်လာခဲ့ကြပါတော့တယ်။


ခရီးရက်ရှည်ကိုဖြတ်သန်းပြီး သူတိုတတွေ ရှေးဟောင်းအုတ်ဂူထဲမှာ ဘာတွေတွေ့ရှိလာမှာလဲ......


သုတေသနအတွက်ထောက်ပံ့ပေးခဲ့တဲ့ စစ်သူကြီးလီကရော နောက်ကွယ်မှာ ဘယ်လိုရည်ရွယ်ချက်တွေ ရှိနေတာလဲ.....


ရတနာကိုအချောင်ရချင်လို လိုက်လာခဲ့ကြတဲ့အုတ်ဂူဖောက်သမားတွေကရော ဘယ်လိုဇာတ်သိမ်းမျိုးတွေ ကြုံရမှာလဲ......


နဂါးအုတ်ဂူထဲမှာ ဘယ်လို ကြောက်မက်ဖွယ်ကောင်းတဲ့ အရာမျိုးတွေက သူတိုကိုစောင့်ကြိုနေမလဲ......


သိချင်ရင်တော့ အကြည်လင်ဆုံးရုပ်သံ အကောင်းဆုံးသောဘာသာပြန်တွေနဲ့ အမြန်ဆုံး တင်ဆက်ပေးသွားမှာမို Soul မှာ ကြည့်လိုက်ကြရအောင် 😉


#ReviewbyHelenHuang

#SoulKingdomMovie

#The Nether Palace of Seeking the Dragon 

#寻龙之幽冥地宫2021movie  

#နဂါးပုလဲရတနာသိုက်နှင့် စတေးခံသူရဲကောင်း

Watch Here

https://t.me/soulkingdom4/163

Share this article :

Post a Comment

 
Powered by Blogger.

Search This Blog

Blog Archive

Most Popular

TOP
Copyright © 2014. Soulkingdom Movies - All Rights Reserved
Copy Blogger Themes Created by ThemeXpose