《A MAN CALLED HERO 2022》
中华英雄之风云再起 2022
《A MAN CALLED HERO 2022》
သစ္စာသိုင်းသမား၏ အထီးကျန်ကံတရား ၂၀၂၂ ရုပ်ရှင် ဇာတ်လမ်းအကျဉ်း
ယခုတစ်ခေါက်တင်ဆက်ပေးမဲ့ရုပ်ရှင်ကားလေးတော့ ၂၀၂၂မှာမှ ထွက်ရှိထားတာတဲ့ ကားကောင်းအသစ်လေးပဲဖြစ်ပါတယ်ဇာတ်လမ်းလေးကတော့ တရုတ်နိုင်ငံရဲ့ဂုဏ်နဲ့တိုက်ပွဲတွေအတွက်ကာကွယ်ပေးဖို ကျင်းအောင့်ဟာ ဆရာတူညီအကို ဝူတီရဲ့သိုင်းကျမ်းလုဖိုအတွက် တိုက်ခိုက်ခံရတာကြောင့် သေခါနီးဆဲဆဲမှာ တပည့်ဖြစ်သူ ဟွာရင်းရှု ကို ကျုံးဟွာအောင့်ကျွယ်သိုင်းကျမ်းကို လွှပြောင်းပေးခဲ့ပါတယ် ဟွာရင်းရှုဟာ အထီးကျန်ကံကြမ္မာကို ရရှိထားသူဖြစ်တာမို မကြာခင်မှာပဲ ကံတရားအတိုင်း မိဘတွေဟာ အသတ်ခံရပါတော့တယ် ရန်သူဖြစ်တဲ့ ဝူတီနှင့် သိုင်းပညာချင်း မယှဉ်နိုင်သေးတဲ့ ဟွာရင်းရှုက သူ့ရဲ့ကိုယ်ဝန်ဆောင်ထားရတဲ့ဇနီးဖြစ်သူနဲ့အတူထိုင်းနိုင်ငံကိုခဏတာ ရှောင်တိမ်းဖိုရောက်လာခဲ့ရာမှ တရုတ်တန်းအဆောက်အအုံရဲ့သူဌေးဖြစ်သူ ယွမ်ဝူဆီမှာ ခိုလုံဖိုရာအကြောင်းဖန်လာပါတော့တယ်
တစ်ဖက်မှာလည်း ဝူတီရဲ့ ဓာတ်ကြီး ငါးပါးတိုက်ခိုက်သူတွေထဲကမှ မုလော်ရှား ကဟွာရင်းရှုန်ကိုမြင်မြင်ချင်းမေတ္တာသက်ဝင်မိသွားပါတော့တယ် ဟွာရင်းရှုဇနီးဖြစ်သူဟာလည်း အမွှာရင်သွေးလေးမွေးပြီးချင်းသေဆုံးသွားရတဲ့အခါမှာတော့ ဟွာရင်းရှုတစ်ယောက် ဆရာပေးခဲ့တဲ့သိုင်းကျမ်းနဲ့ သူ့ရဲ့အထီးကျန်ကံဇာတာကို ဘယ်လိုချုပ်ကိုင်ပြီး ဝူတီကို ဘယ်လိုအနိုင်ယူသွားမလဲဆိုတာကို စောင့်ကြည့်ရမှာဖြစ်ပါတယ်
ဒီကားလေးဟာဆိုရင်တော့ 《中华英雄》လိုအမည်ရတဲ့ဟောင်ကောင်ရုပ်ပုံကာတွန်းကနေမှမှီငြမ်းရိုက်ကူးထားတာဖြစ်ပြီး ဇာတ်ကားအနေနဲ့ပြန်လည်ပုံဖော်လိုက်တဲ့အခါ ဘယ်လိုမျိုး ဖန်တီးမှုတွေနဲ့တွေ့မြင်ရမလဲဆိုတာ ကြည့်ရှုသူပရိတ်သတ်တွေကြားရင်ခုန်စွာစောင့်မျှော်ခံနေရတဲ့ ရုပ်ရှင်ကားကောင်းလေးလည်းဖြစ်တာကြောင့် ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်
#Reviewby陈莉慧
#TheResurgenceofChineseheroes2022
#SoulKingdomMovie
Tele Link>>>> 846mb
https://t.me/soulkingdom4/1411
Mega Link>>>>
https://mega.nz/file/81lXhCQQ#4JsQd57kkF39M56BK9dbYibHUCb3YlLgvoVbDaZHEKc
Post a Comment