Latest Movie :
Home » »

Rate it :

 I am what I am

雄狮少年(2022) I am what I am

ဆူးခင်းလမ်းက ခြင်္သေ့သူရဲကောင်းလေး ၂၀၂၂ ရုပ်ရှင် 


ဇာတ်လမ်းအကျဉ်း

ဒီတစ်ခေါက်မှာတော့ အခက်အခဲပေါင်းများစွာရဲ့နောက်ကွယ်က ခြင်္သေ့အကကသူ အားကျွမ်း အားမောင်း အားကိုတိုရဲ့ဘဝအခြေအနေအရပ်ရပ်ကိုပုံဖော်ရိုက်ကူးထားတဲ့အန်နီမေးရှင်းကားကောင်းလေးနဲ့မိတ်ဆက်ပေးပါမယ်

အမြဲ အထင်သေးအနိုင်ကျင့်ခံရတဲ့ ဆက်ကျော်သက်ကောင်လေးသုံးယောက် မမျှော်လင့်ဘဲ သူတိုအိမ်မက်တွေဖြစ်တဲ့ ခြင်္သေ့အကကတဲ့လမ်းကြောင်းပေါ်ရောက်လာခဲ့ကြတဲ့အခါ ~

 ဆရာဖြစ်သူ ရှန်ယွီချန်ရဲ့လေ့ကျင့်ပေးမှုအောက်မှာ အခက်အခဲတွေထစ်ငေါ့မှုတွေနဲ့လေ့ကျင့်ကြပြီးနောက်ဆုံး သူတိုရဲ့သွေးသားထဲမှာ ဒီခင်္သြေ့အကကရတဲ့အနှစ်သာရကိန်းအောင်းလာတဲ့အခါမှာတော့ ~

အားကျွမ်းဟာသူ့သူငယ်ချင်း အားမောင်း အားကို တိုနဲ့ အတူခြင်္သေ့အသင်းကိုဖွဲစည်းလိုက်ပါတော့တယ် အရင်ကသူများတွေရဲ့အနိုင်ကျင့်ခံရပြီးရည်မှန်းချက်ပျောက်ဆုံးနေတဲ့အားကျွမ်းဟာ သူရဲ့သူငယ်ချင်းတွေအကူအညီနဲ့ပဲ ယုံကြည်မှုတွေကိုပြန်ရှာတွေ့လာပါတော့တယ်


ဒါပေမဲ့ အားကျွမ်းရဲ့ဘဝကံကြမ္မာလေးက ကံမကောင်းရှာပါဘူး သူဟာ သူ့အိမ်မက်ထက် မိသားစုရဲ့ဝမ်းရေးကို ပိုအရေးပေးခဲ့ရတာမို အိမ်မက်ကိုလက်လျှော့ကာ အပင်ပန်းခံ အနိမ့်ကျခံပြီး ရသမျှငွေကို စုဆောင်းပြီး မိသားစုကိုထောက်ပံ့နေခဲ့ရပါတယ် ဆင်းရဲလှတဲ့သူ့ဘဝကံကြမ္မာ နဲ့ အောင်မြင်မှုဆီအရောက်လှမ်းချင်ခဲ့တဲ့သူ့အိမ်မက်အားကျွမ်းနဲ့ သူတို သူငယ်ချင်းသုံးယောက်အတူတူ အခက်အခဲတွေကိုကျော်လွှားပြီးရည်မှန်းချက်တွေဆီအတူလျှောက်လှမ်းနိုင်ကြမလားဆိုတာကိုရင်ခုန်စွာနဲ့စောင့်မျှော်ကြည့်ရှုကြရမှာပါ ဒီရုပ်ရှင်ကားလေးက မထုတ်လွှင့်ခင်မှာပဲ ရုပ်ပုံပုံဖော်မှုအားကောင်းသည့်အပြင် ဇာတ်အိမ်ကောင်းမွန်ပြီး တရုတ်ရိုးရာခြင်္သေ့အကကိုရိုက်ကူးပုံဖော်ထားတဲ့အတွက်လည်း စောင့်မျှော်ကြည့်ရှုကြတဲ့ပရိတ်သတ်အများအပြားရှိနေတဲ့ကားကောင်းလေးဖြစ်လို တင်ဆက်ပေးလိုက်ပါတယ်

လက်လွှတ်မခံသင့်တဲ့ကားလေးမို ကြည့်ပြီးရင် နောင်တမရစေရဘူးနော် 

#Reviewby陈莉慧

#SoulAnimedomMovie

#雄狮少年IAmWhatIAm

#ဆူးခင်းလမ်းကခြင်္သေ့သူရဲကောင်းလေး

Tele Link>>>> 889mb

https://t.me/soulkingdom4/1681

Mega Link>>>>

https://mega.nz/file/hg8mDDZb#LharYUEv5_mWzyiJLCEpNHNi-WB5_aVg9CsxrWtJhJM


Share this article :

Post a Comment

 
Powered by Blogger.

Search This Blog

Blog Archive

Most Popular

TOP
Copyright © 2014. Soulkingdom Movies - All Rights Reserved
Copy Blogger Themes Created by ThemeXpose