Chinese Painting Code (2021)
[Forwarded from SoulKingdoM-4]
Hello,
ရှေးဟောင်းအနုပညာနဲ့ပတ်သက်တဲ့ ဇာတ်အိမ်ကိုကြိုက်နှစ်သက်ကြတဲ့ ပရိသတ်တွေအတွက် Soul က Chinese Painting Code (2021) ဆိုတဲ့ movie ကားကောင်းလေးတစ်ကား ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်
ရှေးဟောင်းအမွေအနှစ်တိုဌာနေဝတ္ထုရဲ့အဆိုအရ ရှေးဟောင်းပစ္စည်းအရောင်းအဝယ်လောကမှာ အသက်သွေးကြောငါးခုလိုအမည်ရတဲ့ မိသားစုကြီးငါးခုဟာ ရှေးဟောင်းပညာမှာတစ်ဖက်ကမ်းခပ်ကျွမ်းကျင်တယ်လို လောကသားတို အကြွင်းမဲ့လက်ခံထားကြပါတယ်
ဒီမိသားစုငါးခုထဲမှာမှ ရှေးဟောင်းပစ္စည်းနဲ့ပတ်သက်ရင် အလုံးစုံထိုးထွင်းနှံစပ်သိရှိပြီး ခွဲခြမ်းစိတ်ဖြာနိုင်တဲ့ပါရမီရှင်ကို ဒိဗ္ဗစက္ခုဇီးပန်းပွင့်လိုခေါ်တွင်ကြပြီး ထိုမိသားစုငါးခုရဲ့ခေါင်းဆောင်ဖြစ်ရုံမက ရှေးဟောင်းပစ္စည်းလောကတစ်ခုရဲ့ဆရာတစ်ဆူဖြစ်လာမှာပါ
အဲဒီအသက်သွေးကြောငါးခုကနေ သူတိုရဲ့ပညာကို မျိုးဆက်အစဉ်အဆက်လက်ဆင့်ကမ်းရင်း ရွှယွမ့်နဲ့ ယောက်ပုရန်တို လက်ထက်ရောက်တော့ မိသားစုတွေရဲ့အစဉ်အလာကို စိန်ခေါ်နိုင်လောက်တဲ့ပြဿနာတစ်ခုပေါ်လာပြီး
ဂုဏ်သိက္ခာကို ဆယ်ယူနိုင်ဖိုအတွက် ရွှယွမ့်ဟာ ဂန္တဝင်လက်ရာပန်းချီကားတစ်ချပ်ကို အစစ်ဖြစ်ကြောင်းသက်သေပြပေးဖိုဖြစ်လာပါတယ်
ပန်းချီကားနဲ့ပတ်သက်တဲ့လျှိဝှက်ချက်တွေကဘာတွေလဲ... လျှိဝှက်ချက်တွေနောက်လိုက်ရင်း ဘယ်လိုအခက်အခဲတွေရင်ဆိုင်ရမလဲ... ရွှယွမ့်ကရော နောက်ဆုံးမျိုးဆက် ဒိဗ္ဗစက္ခုဇီးပန်းပွင့်ဖြစ်လာနိုင်မလားဆိုတာကို
"ဂန္တဝင်လက်ရာတိုမည်သည်" ဇာတ်ကားမှာ ကြည့်ကြရအောင်...
#ReviewByGinger
#ChinesePaintingCode
#SoulKingdom
Tele Linl>>>>>> 602mb
Mega Link>>>>>
Post a Comment