My Sister-2021
My Sister ၂၀၂၁ ရုပ်ရှင် ❤️
ဒီတစ်ခါSoulerလေးတွေကိုတင်ဆက်ပေးမဲ့ ရုပ်ရှင်ဇာတ်ကားလေးကတော့
အကယ်ဒမီဆုတွေ ပတ်လည်ဝိုင်းနေတဲ့ "My Sister"ဆိုတဲ့ကားလေးပဲဖြစ်ပါတယ်
ဒီဇာတ်ကားလေးကတော့ မောင်နှမနှစ်ယောက်ကြားက အနှောင်အဖွဲသံယောဇဉ်ကိုရိုက်ပြထားတဲ့ကားလေးပါ
မတော်မဆယာဉ်တိုက်မှုကြောင့် ပရိသတ်တွေနဲ့မစိမ်းတဲ့ မင်းသမီးလေး အန်းရန်(Zhang Zi Feng)ရဲ့မိဘနှစ်ပါး သေဆုံးသွားတဲ့အခါမှာ အသက်ငယ်ရွယ်သေးတဲ့ မောင်လေးကိုစောင့်ရှောက်ဖိုတာဝန်က အန်းရန်ပေါ်ရောက်လာခဲ့တယ်
ငယ်ကတည်းက ဘဝကိုတစ်ယောက်တည်း ရုန်းကန်လာရပြီး အသက်အရွယ်ကွာတဲ့ မောင်လေးနဲ့လည်း စိမ်းသက်နေခဲ့တဲ့ အန်းရန်ကတော့ ကိုယ့်ဘဝအိပ်မက်အတွက်ကြိုးစားလိုပြီး မောင်လေးကိုစောင့်ရှောက်ရမှာက သူ့အတွက်မတရားဘူးလိုထင်လေတယ် ပတ်ဝန်းကျင်ကဆွေမျိုးတွေကလည်းမိဘဆုံးသွားရင် အကြီးက အငယ်ကိုစောင့်ရှောက်ရမှာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ကိစ္စဆိုပြီး တာဝန်တွေအကုန် အန်းရန်ပေါ်ပုံအပ်လေတယ်
မိမိဘဝအတွက်ကြိုးစားချင်စိတ်နဲ့ ငယ်ရွယ်သေးတဲ့မောင်လေးကိုမထားခဲ့ရက်တဲ့ သံယောဇဉ်တွေကြားမှာ အစ်မ အန်းရန်ဖြစ်သူက ဘယ်လိုရင်ဆိုင်ကျော်ဖြတ်သွားမလဲဆိုတာကို ကြည့်ရှုကြရမှာဖြစ်ပါတယ်
ကိုယ်တိုကောင်လေးချောချောWang Yuan (TF boys)ကလည်း အသံချိုမြမြလေးနဲ့ Ost Songလေး ပါဝင်သီဆိုထားပါသေးတယ်နော် 😚🍀
#Review by ❤️Zhao&Hknk❤️
#MySister2021Movie
#SoulKingdomMovie
Tele Link>>>>> 841mb
mega link>>>>>
https://mega.nz/file/r35ihIRT#GBMEEFc9EG8okXHpC2m9FCmKbE5W0tAClOgE8MuuiiI
Post a Comment