Latest Movie :
Recent Movies
View As:

 I am what I am

雄狮少年(2022) I am what I am

ဆူးခင်းလမ်းက ခြင်္သေ့သူရဲကောင်းလေး ၂၀၂၂ ရုပ်ရှင် 


ဇာတ်လမ်းအကျဉ်း

ဒီတစ်ခေါက်မှာတော့ အခက်အခဲပေါင်းများစွာရဲ့နောက်ကွယ်က ခြင်္သေ့အကကသူ အားကျွမ်း အားမောင်း အားကိုတိုရဲ့ဘဝအခြေအနေအရပ်ရပ်ကိုပုံဖော်ရိုက်ကူးထားတဲ့အန်နီမေးရှင်းကားကောင်းလေးနဲ့မိတ်ဆက်ပေးပါမယ်

အမြဲ အထင်သေးအနိုင်ကျင့်ခံရတဲ့ ဆက်ကျော်သက်ကောင်လေးသုံးယောက် မမျှော်လင့်ဘဲ သူတိုအိမ်မက်တွေဖြစ်တဲ့ ခြင်္သေ့အကကတဲ့လမ်းကြောင်းပေါ်ရောက်လာခဲ့ကြတဲ့အခါ ~

 ဆရာဖြစ်သူ ရှန်ယွီချန်ရဲ့လေ့ကျင့်ပေးမှုအောက်မှာ အခက်အခဲတွေထစ်ငေါ့မှုတွေနဲ့လေ့ကျင့်ကြပြီးနောက်ဆုံး သူတိုရဲ့သွေးသားထဲမှာ ဒီခင်္သြေ့အကကရတဲ့အနှစ်သာရကိန်းအောင်းလာတဲ့အခါမှာတော့ ~

အားကျွမ်းဟာသူ့သူငယ်ချင်း အားမောင်း အားကို တိုနဲ့ အတူခြင်္သေ့အသင်းကိုဖွဲစည်းလိုက်ပါတော့တယ် အရင်ကသူများတွေရဲ့အနိုင်ကျင့်ခံရပြီးရည်မှန်းချက်ပျောက်ဆုံးနေတဲ့အားကျွမ်းဟာ သူရဲ့သူငယ်ချင်းတွေအကူအညီနဲ့ပဲ ယုံကြည်မှုတွေကိုပြန်ရှာတွေ့လာပါတော့တယ်


ဒါပေမဲ့ အားကျွမ်းရဲ့ဘဝကံကြမ္မာလေးက ကံမကောင်းရှာပါဘူး သူဟာ သူ့အိမ်မက်ထက် မိသားစုရဲ့ဝမ်းရေးကို ပိုအရေးပေးခဲ့ရတာမို အိမ်မက်ကိုလက်လျှော့ကာ အပင်ပန်းခံ အနိမ့်ကျခံပြီး ရသမျှငွေကို စုဆောင်းပြီး မိသားစုကိုထောက်ပံ့နေခဲ့ရပါတယ် ဆင်းရဲလှတဲ့သူ့ဘဝကံကြမ္မာ နဲ့ အောင်မြင်မှုဆီအရောက်လှမ်းချင်ခဲ့တဲ့သူ့အိမ်မက်အားကျွမ်းနဲ့ သူတို သူငယ်ချင်းသုံးယောက်အတူတူ အခက်အခဲတွေကိုကျော်လွှားပြီးရည်မှန်းချက်တွေဆီအတူလျှောက်လှမ်းနိုင်ကြမလားဆိုတာကိုရင်ခုန်စွာနဲ့စောင့်မျှော်ကြည့်ရှုကြရမှာပါ ဒီရုပ်ရှင်ကားလေးက မထုတ်လွှင့်ခင်မှာပဲ ရုပ်ပုံပုံဖော်မှုအားကောင်းသည့်အပြင် ဇာတ်အိမ်ကောင်းမွန်ပြီး တရုတ်ရိုးရာခြင်္သေ့အကကိုရိုက်ကူးပုံဖော်ထားတဲ့အတွက်လည်း စောင့်မျှော်ကြည့်ရှုကြတဲ့ပရိတ်သတ်အများအပြားရှိနေတဲ့ကားကောင်းလေးဖြစ်လို တင်ဆက်ပေးလိုက်ပါတယ်

လက်လွှတ်မခံသင့်တဲ့ကားလေးမို ကြည့်ပြီးရင် နောင်တမရစေရဘူးနော် 

#Reviewby陈莉慧

#SoulAnimedomMovie

#雄狮少年IAmWhatIAm

#ဆူးခင်းလမ်းကခြင်္သေ့သူရဲကောင်းလေး

Tele Link>>>> 889mb

https://t.me/soulkingdom4/1681

Mega Link>>>>

https://mega.nz/file/hg8mDDZb#LharYUEv5_mWzyiJLCEpNHNi-WB5_aVg9CsxrWtJhJM


Rate it :

24 Hours


 24 Hours 极地追击 2022 movie

 အစမ်းသပ်ခံ သားကောင်များ ၂၀၂၂ ရုပ်ရှင်


ဇာတ်လမ်းအကျဉ်း 

ဒီတစ်ခေါက်မှာတော့ ဇာတ်ကွက် ဇာတ်လမ်း ခပ် ကြမ်းကြမ်းလေးနဲ့ အနာဂတ်သိပ္ပံစိတ်ကူးယဉ်ဆန်ဆန်ဝတ္ထုကို ပေါင်းစပ်ထားတဲ့ အက်ရှင် ရုပ်ရှင်ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးပါမယ်နော် ဇာတ်လိုက် မင်းသားနဲ့ မင်းသမီးကတော့ c drama fan တွေရင်းနှီးပြီးသားလိုထင်ပါတယ် 

အနာဂတ်ကမ္ဘာသစ်ကြီးကိုအခြေခံ ရိုက်ကူးထားပြီး အဲ့အချိန်မှာ သဘာဝအလျောက်မဟုတ်တဲ့အသိဉာဏ်တွေနဲ့ မျိုးရိုးဗီဇဆိုင်ရာနည်းပညာတွေကနေရာမျိုးစုံကနေ လူတွေရဲ့ဘဝနေထိုင်မှုအပေါ်သက်ရောက်နေရာကနေအစပြုခဲ့ပါတယ် ဒါပေမဲ့လည်း တစ်ချိုသော ဗီဇချိုတဲ့မှု ပြဿနာတွေကိုတော့ မဖြေရှင်းနိုင်သေးဘူးဖြစ်နေပါသေးတယ်ဇာတ်လိုက်မင်းသား ကျင်းချန်မှာ ဖျားနာတဲ့သမီးလေးတစ်ယောက်ရှိပြီး သမီးဖြစ်သူကို ကယ်တင်ဖိုအတွက် မိမိကိုယ့်ကိုအပေါင်နှံခံပြီး ငွေချေးခဲ့တဲ့အတွက် ဗီဇအစီအစဉ်တွေဖြစ်တဲ့ ခွန်အားကြီးသူအသက်ရှင်နိုင်ခြင်း ကစားပွဲမှာမမျှော်လင့်ဘဲ ချုပ်မိခံခဲ့ရပါတယ်ဖမ်းဆီးခံရပြီး ရုတ်တရက်ဆိုသလို အနက်ရောင်နဲ့ လူထူးလူဆန်းတွေနဲ့ ချမ်းအေးလွန်းလှပြီးနှင်းတွေလည်းကျနေကြတဲ့ တောနက်ကြီးထဲကို ရောက်သွားပါတော့တယ် နှင်းတောထဲကို အတူပါရှိလာတဲ့သူတွေကလည်း အချိန်စေ့တာနဲ့ တစ်ယောက်ပြီး တစ်ယောက်သေဆုံးကုန်ကြတဲ့အခါ


 ကျန်းချန်နဲ့အန်နာ့က  နောက်ဆုံးအချိန်ထိရှင်သန်နိုင်ပါ့မလား

 သမီးဖြစ်သူကို ကယ်တင်နိုင်ဖိုအတွက်ရော ကျင်းချန် ဘယ်လိုမျိုး နည်းလမ်းတွေနဲ့အနိုင်ယူမလဲ~

ခေါင်းဆောင်မင်းသားမင်းသမီးတွေရဲ့အံ့ဩဖွယ်သရုပ်ဆောင်မှုတွေကို ရှင်းလင်းသေသပ်တဲ့တိုက်ခိုက်ပုံတွေကြား ပြင်းထန်စိတ်လှုပ်ရှားဖွယ်အတက်အကျမြန်ဆန်တဲ့ ဇာတ်ကွက်တွေနဲ့ တွဲဖက်မြင်တွေ့ရမဲ့ စိတ်ကူးယဉ်သိပ္ပံကားကောင်းတွေကြိုက်နှစ်သက်သူတွေအဖို လက်လွှတ်မခံသင့်တဲ့ အက်ရှင် ကားသစ်ဖြစ်တာကြောင့် ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်

#Reviewby陈莉慧

#12HoursMovie

#အစမ်းသပ်ခံသားကောင်များ

#SoulKingdomMovie

Tele Link>>>> 840mb

https://t.me/soulkingdom4/1610

Mega Link >>>>

https://mega.nz/file/0plwQJ5S#-XUHS7VxMV1kYPB1_NMbhH32cQcD781IGI5PQaD5-8M

Rate it :

Ghost Story


 聊斋新传之画皮人《2022》Ghost Story

မြေခွေးမလေးရဲ့ချစ်ခြင်းကံကြမ္မာ ၂၀၂၂ ရုပ်ရှင်


 ဇာတ်လမ်းအကျဉ်း


မကောင်းဆိုးဝါးအနေနဲ့မွေးဖွားလာခဲ့ပေမဲ့လည်း ဖြူစင်ကောင်းမွန်တဲ့စိတ်ထားရှိသူ ရှန်းအာ~

ရှန်းအာမေတ္တာသက်ဝင်ခဲ့ရသူ ဖျင်အန်းမြိုမှ သာမန်စာပေသမားလေး ဝမ်ရှန်း~မင်မင်းဆက်ရဲ့အဆုံး ချင်မင်းဆက်အစကာလမှာ နတ်ဘုရားတွေ မကောင်းဆိုးဝါးတွေတစ်မျိုးပြီးတစ်မျိုး ပေါ်ပေါက်လာကြပြီး တစ်ကမ္ဘာလုံး ပရမ်းပတာတွေဖြစ်ခဲ့ကြရတယ် သာမန်လူသားတွေအဖို ဘယ်သူဟာလူဆိုးလဲ ဘယ်ဟာကလူကောင်းလဲခွဲခြားဖိုအတွက်ခက်ခဲလွန်းနေတဲ့အခြေအနေတွေထိရောက်ခဲ့ကြတယ် တစ်နေ့မှာ ဝမ်ရှန်းဟာ နေရပ်သိုအပြန် လမ်းမှာ ဒုက္ခပေးတဲ့မကောင်းဆိုးဝါးထံက ထွက်ပြေးလာတဲ့ မြေခွေးမလေးနဲ့ဆုံတွေ့ခဲ့ရာကနေ ဝမ်ရှန်းကလည်း ထိုမြေခွေးလေးအပေါ်သနားစိတ်ဝင်ကာ ယာယီပုန်းလျှိဖို ကူညီပေးခဲ့ပါတယ်ရှန်းအာနဲ့ ဝမ်ရှန်းတိုကမြင်မြင်ချင်းတစ်ဦးအပေါ်တစ်ဦးမေတ္တာရှိခဲ့ကြတယ် ဒါပေမဲ့ဝမ်ရှန်းဟာကံကောင်းသူမဟုတ်ခဲ့ပါဘူး သူ့ဇနီးအပေါ်မှာလည်း သံယောဇဉ်ရှိတဲ့အပြင် ကလေးမမွေးဖွားနိုင်တဲ့အပေါ်သူ့ဇနီးလေးအတွက် သူ့ကိုယ်သူ အပြစ်ရှိတယ်လို ခံယူထားတာပါတစ်ဖက်မှာလည်း ဇနီးဖြစ်သူက ကလေးမရနိုင်တာမို မျိုးဆက်ချန်ဖိုအတွက် ရှန်းအာကို အငယ်အနှောင်းအဖြစ်လက်ထက်ယူဖို တွန်းအားပေးလာတဲ့အခါမှာတော့ရှန်းအာကို ဖမ်းဆီးလက်ထပ်လိုတဲ့ မှောင်တောင်က မိစ္ဆာကြီးကရော ဘယ်လိုရက်စက်စွာ တိုက်ခိုက်လာမှာလဲ

လူသားနဲ့ မိစ္ဆာ တစ်ဦးနဲ့တစ်ဦး ခံစားချက်တွေ ဟာ မပြောင်းမလဲရှိနေမှာလားအထင်လွဲမှုတွေကြား ရှန်းအာနဲ့ဝမ်ရှန်းတိုဘယ်လိုတွေရှေ့ဆက်ကြမလဲ ဆိုတာကို ကြည့်ရှုကြရမဲ့ မြေခွေးမလေးနှင့်စာပေသမားလေးကြားက စိတ်ကူးယဉ်ဆန်ဆန်ရိုက်ကူးထားတဲ့ရှေးဟောင်းဇာတ်လမ်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်

#Reviewby陈莉慧

#GhostStory2022Movie

#မြေခွေးမလေးရဲ့ချစ်ခြင်းကံကြမ္မာ

#SoulKingdomMovie

Tele Link>>>>830mb

https://t.me/soulkingdom4/1515

Mega Link>>>>

https://mega.nz/file/p5tAWbQA#1_51r8RfTSdGKqats4cY5_GAdzIBzphislm6MfiRxHU

Rate it :

 The Wind Rises in Luoyang The Yin-Yang Realm


 The Wind Rises in Luoyang The Yin-Yang Realm

 2022风起洛阳之阴阳界 2022 

မရဏမင်း၏ စေညွှန်ရာ


ဇာတ်လမ်းအကျဉ်း

ဝူကျိုးမင်းဆက်အတောအတွင်း လော့ယန်မြိုလော့ဟယ်မြစ်ရဲ့အစွန်းနှစ်ဖက်မှာ တစ်သီးတစ်သန့် ရှင်သန်နေပေမဲ့ ရုပ်ချင်းဆင်တဲ့ မိန်းမငယ်လေးနှစ်ယောက် ❤️သရဲမင်းရဲ့အမိန့်ကိုသာနာခံပြီး လောကကြီးရဲ့မြေအောက်လောကထဲမှာ ရှင်သန်နေသူတွေ နှင့် မြေပြင်ပေါ်မှာ ငရဲမင်းကိုအပြစ်ပြုမိလို တစ်ရက်တစ်ခါ အလိုအလျောက် မီးလောင်သေဆုံးနေကြရသူတွေ......

ထိုမိန်းကလေးနှစ်ယောက်က ငရဲမင်းကြီးရဲ့ အမှုခင်းကိစ္စမှာပါဝင်ပတ်သက်လာခဲ့တဲ့အခါ နှစ်ယောက်အတူ လူဆိုးတွေရဲ့လျိုဝှက်ကြံစည်မှုတွေကိုဖော်ထုတ်ဖို ကြိုးပမ်းကြရပါတော့တယ်  အဓိကဇာတ်ဆောင်နှစ်ယောက်ဖြစ်ကြတဲ့ ကျင်းဝူတပ် ခေါင်းဆောင် ရဲ့သမီးကျောက်ချင်းချင်းနဲ့ မြိုခြေမှာနေထိုင်တဲ့ လူလိမ်မလေးတိုဟာ မမျှော်လင့်ပဲအမှုကိစ္စတွေနဲ့ပါဝင်ရောယှက်လာတဲ့အခါမှာတော့ အကောင်းဆုံးမိတ်ဆွေတွေ ဖြစ်ကြတဲ့ ယန်ရှင့် နဲ့ သူသူငယ်ချင်း ကိစ္စတွေအားလုံးနှံနှံစပ်စပ်သိသူတို နဲ့အတူ မတရားမှုကိုဖော်ထုတ်ဖိုအတွက် ယာယီ လုပ်ဖော်ကိုင်ဖက်တွေအဖြစ်နဲ့ ကြိုးပမ်းကြတဲ့အခါ ဘယ်လိုအခက်အခဲတွေတွေ့ကြုံပြီး ဘယ်လို ကျော်ဖြတ်သွားကြမလဲ အလိုလိုမီးတောက်လောင်ပြီး အသက်ပေးသေဆုံးနေကြသူတွေကရော နောက်ကွယ်မှာ ဘယ်လိုအဖြစ်အပျက်တွေရှိနေမလဲ

စိတ်ကူးယဉ်ဆန်ဆန်သည်းထိတ်ရင်ဖိုရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ထဲမှာ လက်တွေ့ကျကျရိုက်ကူးပုံဖော်မှုတွေအပြင် ဇာတ်ဆောင်မင်းသမီးရဲ့ အမြွာနှစ်ယောက်ရဲ့ကာရိုက်တာရောစရိုက်အသွင်အပြင်တွေပါ ကွဲကွဲပြားပြားသရုပ်ဆောင်နိုင်မှုတွေကိုပါ တစ်ဝကြီးတွေ့မြင်စေနိုင်မှာပါ

#Reviewby陈莉慧

#TheWindRisesInLuoyangTheYin-YangRealm

#风起洛阳之阴阳界2022 

#မရဏမင်း၏စေညွှန်ရာ

#SoulKingdomMovie

Tele Link>>>> 875mb

https://t.me/soulkingdom4/1480

Mega Link>>>>

https://mega.nz/file/V99CCbzJ#RcICwjnZrA9yDDMdK5y_LQUZbSot0af6mfdsXWK-Kww


Rate it :

KungFuMasterSu2022


 Hi soulers တို ❤️❤️

 

ဒီတစ်ခေါက် Soulkingdom ကနေ Soulers တိုအတွက်

ကွန်ဖူးမာစတာ စူးချန့် လိုအမည်ရတဲ့ သိုင်းကားရုပ်ရှင်ကောင်းတစ်ကားကိုယူဆောင်လာပါပြီ ။


ဇာတ်လမ်းအညွှန်းကတော့... 

ချီမင်းဆက်နှောင်းပိုင်း ဘိန်းစစ်ပွဲတွေမဖြစ်ခင်တုန်းက နိုင်ငံတော်ဟာ အရမ်းအားနည်းနေပြီး ဘိန်းတွေကအရမ်းပဲတွင်ကျယ်နေပါတယ် ပြည်သူတွေကလည်း အသက်မွေးဝမ်းကျောင်းပြုဖို ခက်ခဲနေကြပါတယ်

လူထုအဖွဲခေါင်းဆောင် ဟွမ်ဖေးဟုန်က မီးကြာပန်းဂိုဏ်းရဲ့လျှိဝှက်အဖွဲအစည်းကို ဆန့်ကျင်ရန်ကြံစည်ခဲ့ပါတယ် အန္တရာယ်ကျရောက်နေတဲ့စူးချန့်ကလည်း သိုင်းလောကရဲ့ သူတောင်းစားဂိုဏ်းက အမျိုးသမီးတစ်ဦးဖြစ်တဲ့ မင်ရှင်းနဲ့အတူပူးပေါင်းကာ ဘိန်းရောင်းဝယ်တဲ့ မီးကြာပန်းဂိုဏ်းရဲ့ သက်သေအထောက်အထားတွေကို စုံစမ်းကြပါတော့တယ်တစ်ချိန်တည်းမှာပဲ ဟွမ်ဖေးဟုန်ကိုကယ်တင်ဖို ကျားတွင်းထဲသို ဝင်ရောက်ခဲ့ကြတယ် မီးကြာပန်းဂိုဏ်းက ဘိန်းတွေကို နတ်သမီးမြက်တွေနဲ့ရောစပ်ပြီး လူတိုရဲ့စိတ်နှလုံးတွေကိုရှုပ်ထွေးစေဖို ထူးဆန်းတဲ့နည်းလမ်းတွေကိုအသုံးပြုခဲ့ကြပါတယ် ဒီကာလအတွင်းမှာ ရုပ်သေးဆေးပညာလူသားတွေ၊ လျှိဝှက်ဆန်းကြယ်ပြီး ရက်စက်တဲ့ နတ်ဆိုးဘုရင်၊ မီးကြာပန်းဂိုဏ်းကအမျိုးသမီးလူသတ်သမား , ရန်သူနဲ့လည်းမိတ်ဆွေဖြစ်နေတဲ့ မင်လျန် စတဲ့သူတွေ တစ်ယောက်ပြီးတစ်ယောက်ပေါ်ထွက်လာခဲ့တယ် နတ်ဆိုးဘုရင်က စူးချန့်ကို ထိခိုက်အောင်လုပ်ပြီး အိမ်တွေကိုချိတ်ပိတ်ကာ သူတောင်းစားဖြစ်စေခဲ့တယ် စူးချန်ဟာ စိတ်ဓာတ်အရမ်းကျပြီး မသေမရှင်ဖြစ်သွားပါတော့တယ်စူးချန့်က သူနှစ်သက်တဲ့ မိန်းကလေး မင်ရှင်းရဲ့အကူအညီအောက်မှာ သူတောင်းစားအကြီးအကဲတွေက တတ်ထားသမျှပညာတွေအကုန် စူးချန့်ကိုသင်ပေးတယ် ဒီလိုနဲ့အသစ်ပြန်လည်ထူထောင်လာတဲ့စူးချန့်ဟာ ဘိန်းဖျက်ဆီးရေး လူကြီးမင်းလီနဲ့ပူးပေါင်းပြီး မီးကြာပန်းဂိုဏ်းနဲ့ တိုက်ပွဲတွေ

ဘယ်လိုတိုက်ခိုက်ကြမလဲ.... 


သွေးပူနေတဲ့သူတောင်းစားစူးက ဒီအချိန်ကနေစပြီး နိုင်ငံတော်ကို ကယ်တင်ဖို ဘယ်လိုတွေလုပ်ဆောင်မလဲ.....ဆိုတာ

ကြည့်ရှုရမယ့် ရုပ်ရှင်ကားကို Soulkingdom ကနေတင်ဆက်ပေးသွားမှာမို စောင့်ကြည့်အားပေးကြပါအုံး ❤️❤️❤️

သိုင်းကားကြိုက်သူအဖိုကတော့ လက်လွှတ်မခံသင့်ပါဘူးနော်.. 🥰🥰


ရုပ်ရှင်အညွှန်းရေးသားသူကတော့ Yuan Yuan (ယွမ်ကူး)လေးပဲဖြစ်ပါတယ်

#ReviewbyYuanYuan

#KungFuMasterSu2022

#SoulKingdomMovie

Tele Link>>>>785mb

https://t.me/soulkingdom4/1450

Mega Link>>>>

https://mega.nz/file/kx0ijB4Z#rOe8u17icbLutn6Y-35OWcGijVquEiDwh6DioojX2do

Rate it :

 


《A MAN CALLED HERO 2022》

中华英雄之风云再起 2022

《A MAN CALLED HERO 2022》


သစ္စာသိုင်းသမား၏ အထီးကျန်ကံတရား ၂၀၂၂ ရုပ်ရှင် ဇာတ်လမ်းအကျဉ်း 

ယခုတစ်ခေါက်တင်ဆက်ပေးမဲ့ရုပ်ရှင်ကားလေးတော့ ၂၀၂၂မှာမှ ထွက်ရှိထားတာတဲ့ ကားကောင်းအသစ်လေးပဲဖြစ်ပါတယ်ဇာတ်လမ်းလေးကတော့ တရုတ်နိုင်ငံရဲ့ဂုဏ်နဲ့တိုက်ပွဲတွေအတွက်ကာကွယ်ပေးဖို ကျင်းအောင့်ဟာ ဆရာတူညီအကို ဝူတီရဲ့သိုင်းကျမ်းလုဖိုအတွက် တိုက်ခိုက်ခံရတာကြောင့် သေခါနီးဆဲဆဲမှာ တပည့်ဖြစ်သူ ဟွာရင်းရှု ကို ကျုံးဟွာအောင့်ကျွယ်သိုင်းကျမ်းကို လွှပြောင်းပေးခဲ့ပါတယ် ဟွာရင်းရှုဟာ အထီးကျန်ကံကြမ္မာကို ရရှိထားသူဖြစ်တာမို မကြာခင်မှာပဲ ကံတရားအတိုင်း  မိဘတွေဟာ အသတ်ခံရပါတော့တယ် ရန်သူဖြစ်တဲ့ ဝူတီနှင့် သိုင်းပညာချင်း မယှဉ်နိုင်သေးတဲ့ ဟွာရင်းရှုက သူ့ရဲ့ကိုယ်ဝန်ဆောင်ထားရတဲ့ဇနီးဖြစ်သူနဲ့အတူထိုင်းနိုင်ငံကိုခဏတာ ရှောင်တိမ်းဖိုရောက်လာခဲ့ရာမှ  တရုတ်တန်းအဆောက်အအုံရဲ့သူဌေးဖြစ်သူ ယွမ်ဝူဆီမှာ ခိုလုံဖိုရာအကြောင်းဖန်လာပါတော့တယ် 


တစ်ဖက်မှာလည်း ဝူတီရဲ့ ဓာတ်ကြီး ငါးပါးတိုက်ခိုက်သူတွေထဲကမှ မုလော်ရှား ကဟွာရင်းရှုန်ကိုမြင်မြင်ချင်းမေတ္တာသက်ဝင်မိသွားပါတော့တယ် ဟွာရင်းရှုဇနီးဖြစ်သူဟာလည်း အမွှာရင်သွေးလေးမွေးပြီးချင်းသေဆုံးသွားရတဲ့အခါမှာတော့ ဟွာရင်းရှုတစ်ယောက် ဆရာပေးခဲ့တဲ့သိုင်းကျမ်းနဲ့ သူ့ရဲ့အထီးကျန်ကံဇာတာကို ဘယ်လိုချုပ်ကိုင်ပြီး ဝူတီကို ဘယ်လိုအနိုင်ယူသွားမလဲဆိုတာကို စောင့်ကြည့်ရမှာဖြစ်ပါတယ်

ဒီကားလေးဟာဆိုရင်တော့ 《中华英雄》လိုအမည်ရတဲ့ဟောင်ကောင်ရုပ်ပုံကာတွန်းကနေမှမှီငြမ်းရိုက်ကူးထားတာဖြစ်ပြီး ဇာတ်ကားအနေနဲ့ပြန်လည်ပုံဖော်လိုက်တဲ့အခါ ဘယ်လိုမျိုး ဖန်တီးမှုတွေနဲ့တွေ့မြင်ရမလဲဆိုတာ ကြည့်ရှုသူပရိတ်သတ်တွေကြားရင်ခုန်စွာစောင့်မျှော်ခံနေရတဲ့ ရုပ်ရှင်ကားကောင်းလေးလည်းဖြစ်တာကြောင့် ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်

#Reviewby陈莉慧

#TheResurgenceofChineseheroes2022 

#SoulKingdomMovie

Tele Link>>>> 846mb

https://t.me/soulkingdom4/1411

Mega Link>>>>

https://mega.nz/file/81lXhCQQ#4JsQd57kkF39M56BK9dbYibHUCb3YlLgvoVbDaZHEKc



Rate it :

 DEMON SLAYER

降魔天师 ၂၀၂၂ ရုပ်ရှင်

DEMON SLAYER


ကျိုင်းကောင်များနှင့်နဂါးပျံအဖြစ်သိုပြောင်းလဲခြင်း ဇာတ်လမ်းအကျဉ်း


ယွမ်မင်းဆက်တည်ထောင်ချိန်ကာလ ယွမ်မင်းဆက်ဘုရင် ကျောက်ယွီ ကကိုယ်ခံပညာကိုစီမံခန့်ခွဲစေတယ် အတွင်းသူပုန်ထကြွမှုတွေနဲ့ အပြင်ဘက်ကရန်သူတွေကို အမြစ်ဖျက်ချမှုန်းပြီး တိုင်းပြည်ကိုအေးချမ်းငြိမ်သက်စေတယ် ကျောက်ယွီလက်ထက် စီးပွားဖြစ်ထွန်းပြီး ဖွံဖြိုးသာယာခဲ့ပါတယ် တနေ့မှာတော့ နန်းတော်ထဲမှာ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး မျက်စိတစ်မှိတ်အတွင်း ကျိုင်းကောင်ကိုမြိုချမိလိုက်တဲ့ ဘုရင်မင်းကြီးဟာ နဂါးပျံကြီးအဖြစ်သိုပြောင်းလဲ ပျံသန်းသွားပါတော့တယ် အလားတူ ပြည်သူတွေကြားမှာပဲ ဒီလိုနဂါးပျံအဖြစ်ပြောင်းလဲ ပျောက်ဆုံးသွားသူတွေရှိနေပြန်ပါတယ် ဟွင်ထျန်းစစ်ဆေးရေးဌာနရဲ့စစ်ဆေးရေးမှုး ကျန်းရိထုံက ယွမ်တူးရဲ့ဘုရင်ခံနဲ့အတူ တိုင်းပြည်ဘုရင်ကြီး နဂါးအဖြစ်ပြောင်းလဲသွားခြင်း ,ကျိုင်းကောင်နဲ့ ကာလဝမ်းရောဂါ ကပ်ဆိုးတွေအကြောင်း စုံစမ်းကြဖို အကြောင်းဖန်လာပါတော့တယ်ဟွင်ထျန်းစုံစမ်းရေးဌာနဟာ အာကာသဖြစ်စဉ်ကိုလေ့လာဖို ထူးဆန်းဖြစ်စဉ်တွေကနေ ပုံမှန်မဟုတ်တဲ့ သက်သေအထောက်အထားတွေရှာတွေ့ခဲ့ကြတယ် သူကထူးဆန်းတဲ့ကိစ္စတွေကိုအများကြီး ဖြေရှင်းနိုင်ခဲ့ဖူးလို ဘုရင်ရဲ့ယုံကြည်မှုရရှိသူလည်းဖြစ်တယ်ကျိုင်းကောင်ကပ်ဆိုးရဲ့ရှာဖွေစစ်ဆေးမှုမှာ ရှောင်ထုံနဲ့သူရဲ့ဆရာဖြစ်သူ စစ်ခုန်းတို ကျိုင်းကောင်တွေခိုအောင်းနေရာ တွင်းဂူတွေ့ရှိတဲ့အခါမှာတော့ ကျိုင်းကောင်တွေရဲ့အကြောင်းမဲ့သက်သက် တိုက်ခိုက်ခံရပါတော့တယ် နဂါးကြီးအဖြစ်ပြောင်းလဲသွားသူတွေရဲ့နောက်ကွယ်ကအကြောင်းတွေကို ဘယ်လိုရှာဖွေကြမလဲဆိုတာကတော့ စောင့်ကြည့်ပေးကြပါဦးနော်ကြောက်မက်ဖွယ်ထူးခြားအံ့ဖွယ်ရိုက်ကူးပုံဖော်ထားတဲ့ ဒီရုပ်ရှင်ကားဟာလည်း ကြည့်ရှုသူတွေအကြိုက်တွေ့စေမှာဖြစ်တဲ့အတွက် ရွေးချယ်တင်ဆက်ပေးလိုက်ပါတယ်

#Reviewby陈莉慧

#DemonSlayer2022movie

#SoulKingdomMovie

Tele Link>>>>855mb

https://t.me/soulkingdom4/1313

Mega Link>>>>

https://mega.nz/file/NstRBArb#pQa5ZMO4nQc67zv6TUCPSH4QGGbbRai4_3st1G5BV5s

Rate it :
 
Powered by Blogger.

Search This Blog

Blog Archive

Most Popular

TOP
Copyright © 2014. Soulkingdom Movies - All Rights Reserved
Copy Blogger Themes Created by ThemeXpose